Sunday, June 28, 2015

၉၆၉ အကြောင်း

၉၆၉-ဆိုတာ ဘုရားဟောမဟုတ်ဘူး။ သူများဘာသာကို လိုက်ပြီးတုနေတာလို့ ပြောတဲ့သူတွေအတွက်...
အရှင်နာယက's Facebook Wall / အရှင်နာယက / 30 days ago

၉၆၉-ဆိုတာ ဘုရားဟောမဟုတ်ဘူး။ သူများဘာသာကို လိုက်ပြီးတုနေတာလို့ ပြောတဲ့သူတွေအတွက် သိစေချင်လို့။
၉၆၉-ဆိုတာဘာလဲ။ ဘယ်လဲ?
ဘာသာတိုင်းမှာ သူ့သင်္ကေတနဲ့သူ ရှိကြပါတယ်။ ဟိန္ဒူဘာသာမှာ အထွဋ်အမြတ်သင်္ကေတ ဟာ-ဥုံ-ဆိုတဲ့ စာလုံးပါပဲ..အဲဒီ ဥုံဆိုတဲ့ စကားလုံးဟာ သူတို့ရဲ့ ဘုရားသုံးဆူဖြစ်တဲ့ ဗြာဟ္မဏ၊ သျှီဝ၊ ဗိဿနိုးကို ကိုယ်စားပြုထားတဲ့ စကားလုံးဖြစ်တယ်။ ဥုံ ဆိုတဲ့စကားလုံးကို ကားမှာဖြစ်ဖြစ်အိမ်မှာဖြစ်ဖြစ်ရေးထားရင် ဒီကားဟာ ဟိန္ဒူဘာသာဝင်ကား ဒီအိမ်ဟာ ဟိန္ဒူဘာသာဝင်ပဲလို့ သိကြရတယ်..... ခရစ်ယာမ်ဘာသာမှာ ရေရှုခရစ်ကို ကိုယ်စားပြုတဲ့အနေနဲ့ လက်ဝါးကတ်တိုင်ကို အထွဋ်အမြတ်ထားကြ တယ်... လက်ဝါးကတ်တိုင်ကို လည်မှာ ဆွဲထားရင် သူဟာခရစ်ယာမ်ဘာသာဝင်ပဲလို့ သိကြရတယ်။ အိမ်ရှေ့မှာ လက်ဝါး ကတ်တိုင် ထောင်ထားတာနဲ့ ခရစ်ယာမ် အိမ်ပဲလို့ အသိအမှတ်ပြုကြရတယ်။ မူစလင်ဘာသာမှာလည်း 786 ဆိုတဲ့ စကားလုံးကို အထွဋ်အမြတ်ထားကြတယ်။ လခြမ်းတံဆိပ် သင်္ကေတကို အသုံးပြုကြတယ်။ အဲဒါ အပြစ်လို့ ဆိုဖွယ်ရာ မရှိသလို ... သူ့ဘာသာနဲ့သူ သင်္ကေတလေးတွေ ပြုပြီး ဘာသာဝါဒတွေကို ထိန်းသိမ်းကြတယ် စည်းရုံးကြတယ်။ အဲဒါတွေဟာ အတုယူ စရာဖြစ်ပါတယ်။ အတုယူစရာလည်းကောင်းပါတယ်။ ခု ဗုဒ်ဓဘာသာမှာ သင်္ကေတ ပြုစရာ မရှိတော့ အရဟံ ဆိုတဲ့ စကားလုံးကို သုံးပြီး အိမ်တွေမှာ ရေးကြပြုကြရတယ်။ ဒီလိုကပ်ရမယ် ပြုလုပ်ရမယ်လို့ ဘုရားရှင်က မဟောခဲ့ပေမယ့်လဲ ငါတို့ဟာ ဗုဒ္ဓဘာသာပါဆိုတဲ့ အသိနဲ့ ဘုရားဂုဏ်တော်ကို အထွဋ်တင်ပြီး ဘုရားရှင်ကို ဂုဏ်ပြုထားတဲ့ စကားလုံးအဖြစ်နဲ့ အရဟံ စကားလုံး သုံးနှုံးကြရတယ်။ ထို့အတူ သာသနာ့အလံတော်ကို ပြုလုပ်ရမယ်လို့ ဘုရားရှင် မဟောခဲ့ပါဘူး...ဒါပေမယ့် အမေရိကန် ရေတပ်ဗိုလ်မှုးကြီးတစ် ယောက်က ဘုရားရှင်ရဲ့ ရောင်ခြည်တော် ခြောက်သွယ်ကို ကိုယ်စားပြုတဲ့အနေနဲ့ သာသနာ့အလံတော်ကို အရောင်ခြောက်မျိုးနဲ့ ပြုလုပ်ရရင် ကောင်းမှာပဲလို့ အကြံဖြစ်ပြီး တီထွင်ပြုလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ယနေ့အချိန်ထိ သာသနာ့အလံတော်ဟာ သာသနာတော်ကြီးကို ကိုယ်စားပြုတဲ့အနေနဲ့ အောင်လံတလူလူ လွှင့်ထူနေဆဲဖြစ်ပါတယ်။ ဘုရားဟောခဲ့တာ မဟုတ်ဘူးလို့ လက်မခံနိုင်စရာမရှိသလို ငြင်းပယ်ရန်ကော ရှိသေးလို့လား။ ရှေးကပြုလုပ်ခဲ့ကြတဲ့ ပညာရှင်တွေကို ဘယ်လောက် ဂုဏ်ပြုစရာ ကောင်းသလဲ။ ကျေးဇူး အကြိမ်ကြိမ် အခါအခါ တင်ရမှာပါ။ ဘုရားမဟောဘူးဆိုပြီး သာသနာအလံ တော်ကို မသုံးသင့်တော့ဘူးလား။ စဉ်းစားရပါလိမ့်မယ်။ အသောကမင်းကြီးဟာ ဘုရားရှင်ရဲ့တရား တော်ကို ဓမ္မစက္ကပ၀တ္တနသုတ်ကို သင်္ကေတပြုပြီး လှည်းဘီးသဏ္ဍန် သင်္ကေတပြုခဲ့ပါတယ်။ ဘုရားက ဒီလိုလုပ်ရမယ်လို့ မဟောခဲ့ပေမယ့် အဲဒါတွေဟာ အတုယူစရာတွေပဲပေါ့။ ခုလည်းပဲ ၉၆၉ ဆိုတဲ့ သင်္ကေတဟာ ဘာပဲဖြစ်ဖြစ် ကိုယ့်ဗုဒ်ဓဘာသာများအနေနဲ့ အတုယူစရာ အချက်တခုဖြစ်ပါတယ်။ ဘယ်နေရာမှာဖြစ်ဖြစ် ဗုဒ္ဓဘာသာအိမ်တွေမှာပဲဖြစ်ဖြစ် ဆိုင်မှာပဲဖြစ်ဖြစ် ကပ်ထားရင် အန္တရာယ်ကင်းပြီး ကံတောင် ပွင့်လင်းလာပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘုရားဂုဏ် တရားဂုဏ် သံဃာဂုဏ်တော်တွေကို ကိုယ်စားပြုထားတဲ့ သင်္ကေတ ဂဏန်းတွေဖြစ်နေလို့ပါပဲ။ သူများဘာသာကို အတုယူတွေပြော ပြော “ ကောင်းတာဆို ယူရမယ်။ မကောင်းတာ ပယ်ရမယ်”ဆိုတာ ဘုရားရှင်ရဲ့ဝါဒဖြစ်ပါတယ်။ ဒီအသုံး အနှုံးတွေဟာ သူတပါးကို နှိပ်ကွပ်ဖို့ မဟုတ်သလို ကိုယ့်ဘာသာ ကိုယ့်လူမျိုးတွေဟာ စည်းလုံးစေရန် အတွက် ကိုယ်စားပြုတဲ့ သင်္ကေတသာ ဖြစ်ပါလိမ့်မယ်။ ဘယ်သူပဲဖြစ်ဖြစ် အတွေးမမှားသင့်ပါဘူး။ ဒီလို ၉၆၉ ကိုသုံးလိုက်သောအားဖြင့် ကိုယ့်ဗုဒ္ဓဘာသာ စည်းလုံးမှုရှိလာမယ်။ ငါ့တို့ဟာ ကိုယ့်ဘာသာကို ချစ်မြတ်နိုးရမယ်ဆိုတဲ့ အသိလေး ၀င်လာမယ်။ အဲဒါ စည်းလုံးမူပါပဲ။ နွားကွဲရင် ကျားဆွဲတယ် ဆိုတဲ့ စကားမပာ ကမ္ဘာပေါ်မှာ အရေအတွက် အလွန်နည်းပါးလှတဲ့ ဗုဒ္ဓဘာသာဟာ စည်းလုံးမှုမရှိရင် မကြာခင် သာသနာ ကွယ်ပျောက်သွားပါလိမ့်မယ်။ စည်းလုံးမှု အင်အားမရှိခဲ့လို့ အိန္ဒိယနိုင်ငံမှာ ဘုရားပရိနိဗ္ဗာန် စံပြီး မကြာမီ ဗုဒ္ဓဘာသာဟာ ကွယ်ပျောက်ခဲ့ရပါတယ်။ အခြားသောနိုင်ငံတွေမှာလဲ ထိုနည်းတူစွာပါပဲ။ ဒါတွေဟာ သံဝေဂယူစရာ၊ သတိထားစရာအချက်တွေပဲ မဟုတ်ပါလား။...ကျေးဇူးကြီးမားတော်မူသော မင်းကွန်းဆရာတော် ဘုရားကြီး မိန့်တာကိုပဲ အားလုံးသတိရစေချင်ပါတယ်.....ဆရာတော်ကြီးက သူ့ကျောင်းတိုက်မှာ ကျောင်းဆောက်တဲ့အခါ ပစ္စည်းဝယ်လာတဲ့ ကျောင်းဒကာတွေကိုမေးတယ်။ မင်းတို့ ဒီပစ္စည်းတွေကို ဘယ်ဆိုင်က၀ယ်လာတာလဲလို့မေးတဲ့အခါ ကုလားဆိုင်က ၀ယ်လာတာ ဘုရားလို့ ဖြေကြတယ်။ ဘာလို့ဝယ်လာတာလဲလို့ ထပ်မေးတော့ ဈေးသက်သာလို့ လို့ဖြေကြပြန်တယ်။ ဆရာတော်ကြီး ထပ်မိန့်ပြန်တယ် မင်းတို့က ဈေးသက်သာတာပဲ သိတာလား။ ကုလားဆိုင်မှာ ဈေးဝယ်ရင် မင်းတို့ဝယ်လိုက်တဲ့အမြတ်အစွန်းဟာ ကုလားဗလီကိုပဲရောက်မှာပေါ့။ သူ့ဘာသာပဲ ကောင်းစားမှာပေါ့။ ဗုဒ္ဓဘာသာဆိုင်မှာ ဈေးကြီးပါစေ ၀ယ်ရမယ်။ ဗုဒ္ဓဘာသာဆိုင်မှာ ၀ယ်ရင် သူတို့မြတ်တဲ့အမြတ်အစွန်းဟာ ဘုရားကျောင်းကန်စတဲ့ သာသနာတော်အတွင်းမှာ အသုံးပြု လှူဒါန်းကြမယ် ဒီလိုဆို မင်းတို့လည်း ကုသိုလ်ရတာပေါ့ လို့ ဆရာတော်ကြီး မိန့်ကြားပါတယ်။ အလွန်တန်ဖိုးရှိတဲ့ စကားလုံးဖြစ်ပါတယ်။
“၉၆၉-အဓိပ္ပါယ်” (The Meaning of “969”)
(၉၆၉) ဂဏန်းသုံးလုံးတွင် ပထမ(၉)သည် ဘုရားဂုဏ်တော် (၉)ပါးကို ရည်ညွှန်းသည်။
ဒုတိယ ဂဏန်း(၆)သည် တရားဂုဏ်တော် (၆)ပါးကို ရည်ညွှန်းသည်။
တတိယ(၉)သည် သံဃာ့ဂုဏ်တော် (၉)ပါးကို ရည်ညွှန်းသည်။
(၉၆၉)သည် ဘုရား၊ တရား၊ သံဃာရတနာသုံးပါးကို ကိုယ်စားပြုသော ဂဏန်းသုံးလုံးသာ ဖြစ်သည်။
(The first letter “9” of the three number “969” is dedicated for the “9” worthy properties of Lord Buddha.
The second number “6” is dedicated for the “6” worthy properties of Dhamma.
The third number “9” is dedicated for the “9” worthy properties of the Sangha.
The “969” is merely representative of the Buddha, the Dhamma and the Sangha _ which are called the Triple Gems of Theravada Buddhism!)
“၉၆၉-၏ ပန်းတိုင်” (Goals of “969”)
(၉၆၉)၏ အဓိကပန်းတိုင်မှာ အမျိုးဘာသာ သာသနာအဓွန့်ရှည် တည်တန့်ခိုင်မြဲရေး ဖြစ်သည်။
တိုင်းရင်းသူဦးရေ မလျော့ပါးရေး
တိုင်းရင်းသားဦးရေ အိမ်ခြေ မလျော့ပါးရေး
တိုင်းရင်းသား နယ်မြေ မလျော့ပါးရေး.. တို့သည် (၉၆၉)၏ အဓိကပန်းတိုင်ဖြစ်သော အမျိုးဘာသာ သာသနာ အဓွန့်ရှည်တည်တန့် ခိုင်မြဲရေးတွင် အကျုံးဝင်သည်။
The major goal of “969” is to preserve our race and religion for long.
The constituent parts are not to decrease the number of our national races,
not to decrease the number of homes of our national races,
and not to decrease the territory of our national races.
“၉၆၉-လုပ်ငန်းစဉ်” (The Tasks of “969”)
ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ အိမ်ထောင်ပြုခြင်း၊
ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ အိမ်/မြေ အငှားထား ရောင်းချခြင်း၊
ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသားပိုင် ဈေးဆိုင်များမှာသာ ဈေးဝယ်ခြင်း၊
အိမ်ဖော်၊ အလုပ်သမား ငှားသည်ဖြစ်စေ၊ အိမ်ဖော်အလုပ်သမား လုပ်သည် ဖြစ်စေ- ဗုဒ္ဓဘာသာဝင်/ တိုင်းရင်းသား အချင်းချင်းသာ ငှားရမ်းလုပ်ကိုင်ခြင်း-များကိုသာ ဦးစားပေး ဟောပြောစည်းရုံးသည်။
We, “969” organizers, talk and organize the public with priority to the following causes:
(1) To ask the Budhhists or National Races to marry the people of the same kind,
(2) To ask the Buddhists or National Races to rent or sell their houses to the people of the same kind,
(3) To ask the Buddhists or National Races to buy any goods only at the shops or business owned by the Buddhists or National Races, and
(4) To ask the Buddhists or National Races to rent or work as the maids only at the houses of the Buddhists or National Races.
“၉၆၉-မူဝါဒ” (The Policy of “969”)
(၉၆၉)သည် လူသတ်ဝါဒ မဟုတ်သလို၊ လူသတ်ဝါဒကို လက်မခံ အားမပေး၊ ကန့်ကွက် ရှုတ်ချသည်။
(၉၆၉)သည် အကြမ်းဖက်ဝါဒ မဟုတ်သလို၊ အကြမ်ဖက်ဝါဒကိုလက်မခံ အားမပေး ကန့်ကွက်ရှုတ် ချသည်။
(၉၆၉)သည် အနိုင်ကျင့်ဝါဒ မဟုတ်သလို၊ အနိုင်ကျင့်ဝါဒကို လက်မခံ အားမပေး၊ ကန့်ကွက် ရှုတ်ချ သည်။
(၉၆၉)သည် လူ့အသက်မပြောနှင့် တိရစ္ဆာန်အသေးအမွှားလေးများ၏ အသက်ကိုပင် တန်ဖိုးထား လေးစားသည်။ ကြင်နာသနားသည်။ စာနာမှုအပြည့်ရှိသည်။ (၉၆၉)၏ အဆုံးအမလာ ကံငါးပါးလုံခြုံရေး တွင် ပါဏာတိပါတကံ (သူ့အသက် မသတ်ရ ပညတ်ချက်) ပါဝင်သည်။
(၉၆၉)သည် သွေးစွန်းခြင်း၊ သွေးဆာခြင်း၊ သွေးတောင်းခြင်းကို မလိုလားသလို သွေးစွန်းသောလက်နှင့် သွေးဆာသွေးတောင်း သူများကိုလည်း မေတ္တာရေဖြင့် သန့်စင်ဆေးကြော ဆုံးမမှုကိုသာ ဆောင်ရွက်လေ့ ရှိသည်။
(၉၆၉)သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးကို လိုလားပြီး၊ ထိုသို့ နေထိုင်နိုင်ဖို့အတွက် လိုအပ်သော အချက် အလက်များကို အခွင့်သင့်တိုင်း ထုတ်ပြန်ကြေညာလေ့ရှိသည်။
(၉၆၉)သည် နိုင်ငံရေးလှုံ့ဆော်မှု၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများဖြစ်ပွားအောင် လှုံဆော်ခြင်း အလျဉ်းမရှိသလို၊ ငါနှင့်မတူ ငါ့ရန်သူ မူဝါဒကိုလည်း ကျင့်သုံးလေ့မရှိသည့်အပြင်၊ မိမိဘာသာ သာသနာမှတစ်ပါး အခြားသော ဘာသာ သာသနာကို ထိပါးပုတ်ခတ်ခြင်း၊ ကျူးကျော်စော်ကားခြင်း၊ ရန်လိုရန်မူခြင်းလည်း လုံးဝမရှိပေ။
(၉၆၉)သည် လွတ်လပ်စွာကိုးကွယ်ခွင့်ကို ရာနှုန်းပြည့်ကျင့်သုံးပြီး၊ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ချိုးဖောက်နေသူများကိုလည်း ပြင်းထန်စွာ ရှုတ်ချလေ့ရှိသည်။
(၉၆၉)သည် အမျိုးသမီးအခွင့်အရေးကို အပြည့်အဝပေးထားပြီး၊ အမျိုးသမီးများကို ဖိနှိပ်ချုပ်ခြယ် ကန့်သတ်တားမြစ်မှု များကိုလည်း ပြင်းထန်စွာ ကန့်ကွက်လေ့ရှိသည်။
(၉၆၉)သည် (၂၄)ရာစုမှာ တစ်ကမ္ဘာလုံး ဗုဒ္ဓဘာသာဝင်ဖြစ်ရေး အိပ်မက်ရှည်ကြီး မက်လေ့မရှိသလို ကေသမုတ္တိသုတ္တန် (ကာလာမသုတ္တန်)လာ ဘာသာတရားတစ်ခုကို လက်တွေ့ကျင့်သုံးပြီးမှ လက်ခံထိုက် သည့် ဗုဒ္ဓအဆုံးအမကို အမြဲတစေလေး စားဆောက်ရွက်သည်။
(၉၆၉)သည် ငြိမ်းချမ်းရေးကို အစဉ်အမြဲ လိုလားပြီး၊ အသားအရောင် ခွဲခြားခြင်း၊ လူမျိုးဘာသာခွဲခြားခြင်း၊ အဆင့်အတန်း ခွဲခြားခြင်းမျိုးကို လူသားမဆန်မှုဟု ရှုမြင်သည်။
(၉၆၉)သည် ဘာသာလူမျိုးကွဲပြားသူများနှင့် ပြဿနာဖြစ်လျှင် အမျိုးသားရေး ပြဿနာအဆင့်သို့ မရောက်စေရန် ဥပဒေဘောင် အတွင်းမှ ထိရောက်စွာ အရေးယူမှုကို လိုလားပြီး အနိုင်ကျင့်ခြင်း၊ အကြမ်း ဖက်ခြင်းကို လုံးဝမလိုလားပေ။
(၉၆၉)သည် အတ္တကို ဗဟိုပြုသည့် မူဝါဒကို မကျင့်သုံးသလို အနတ္တကို ယုံကြည်ရေးကိုသာ အလေးထား သည်။
“969” is not a killing ism and so does not favour that ism; it opposes and denounces the killing ism.
“969” is not terrorism and so does not favour that ism; it opposes and denounces terrorism.
“969” is not a bullying ism and so does not favour that ism; it opposes and denounces the bullying ism.
“969” values and respects even the lives of small animals let alone the human lives. The people who embrace “969” are kind and sympathetic to their lives. Not killing others’ lives (which is called “Panatiparta Karma” in Pali) is one of the Five Precepts embraced in the teachings of “969”.
“969” does not favour bloodshed, bloodthirst, and bloodcrave; therefore, it only cleanses those with blood-stained hands and those bloodthirsty and bloodcraving people of their wild nature by using cool Metta (loving-kindness) water.
“969” wants peaceful co-existence and so issues or declares necessary measures to be taken for the cause in the suitable time.
“969” does not stimulate people for the political purpose and for the break-up of racial and religious riots. It neither holds the policy “Those who are not of our kind are our enemies” nor does any denouncements, impingements and hostility towards other religions apart from our Buddhism.
“969” fully practices the religious freedom and strongly denounces those violating the freedom.
“969” fully favours women’s suffrage and strongly opposes those imposing general restrictions on women.
“969” does not have the long-term dream of making the whole world Buddhists in the forthcoming 24th Century; it always practices Buddhism according to the teachings by Kesamuti Sutta (Karlarma Sutta) and then always follows the really worthy sermons of the Buddha with due respect.
“969” always wants peace and views colour discrimination, racial discrimination, and caste discrimination as inhumane.
“969” wants the efficient legal measures to be taken, if some issue arises between Buddhists and people of other religious beliefs, so that the issue will not go from bad to worse up to the national level; it does not want acts of bullying and violence at all.
“969” does not hold ego-centric policy whereas it just holds the policy of believing in non-self.


ကုလားမနိုင် ရခိုင်မေး




          မိဘတွေဆီက မေတ္တာတရား ရယ်မောပျော်ရွှင်မှုကို သင်ယူတယ်။ ခြေလှမ်း လှမ်းပုံသင်ယူတယ်။ ဒါပေမယ့် စာအုပ်တွေ လှန်ပြီးဖတ်ရှုတဲ့အခါ မိမိရဲ့ အတောင်ပံတွေရှိတယ်ဆိုတာ တွေ့ရတယ်။
ဟယ်ဟန် ဟေး (အမေရိကန် ရုပ်ရှင်မင်းသမီးကြီး)
ကျင့်ထုံး
အမှန်ရှာသော် ပညာနဲ့ရွေး
ချိန်ခွင်ညှာ
လျှာမစောင်းအောင်
စိတ်ကောင်းကိုမွေး
(ဦးကျော်ဇေယျ)
ဒီနေ့ဟာ ယမန်နေ့မဟုတ်။ မိမိတို့ကိုယ်တိုင်က ပြောင်းလဲနေတယ်။ မိမိတို့ရဲ့အလုပ် ၊ မိမိတို့ရဲ့ အတွေးတွေကို အခြေအနေနဲ့ အံဝင်ခွင်ကျဖြစ်ကာ အကောင်းဆုံး ဒီလိုအမြဲဖြစ်စေဖို့ဆိုရင် အဲဒီအလုပ် (အဲဒီအတွေးဟာ) အမြဲ တစ်သမတ်တည်း ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ တကယ်တော့ အပြောင်းအလဲဆိုရင် ထိခိုက်ရ ၊ နာကျင်ရတာချည်းပဲ ဖြစ်မယ်။ ဒါပေမယ့်လည်း အပြောင်းအလဲဆိုတာ မိမိတို့ရဲ့ လိုအပ်ချက်လည်းဖြစ်ပါတယ်။ အမှတ်ရတာတော့ အင်အားနဲ့ တန်ဖိုးရှိတယ်ဆိုခဲ့ရင် မျှော်လင့်ချက်မှာလည်း အင်အားတန်ဖိုးရှိပါတယ်။
(ကာလိုင်း)
Flash Friends are worse than better enemies.
အတုအယောင်မိတ်ဆွေသည် ငြှိုးသူရန်ဘက်ထက်ပင် ပိုမိုဆိုးရွားသည်။
We may expect to be injured by our bitter enemies, but not our friends. A teacher our friend causes us more pain and sorrow than a bitter enemy.
ကျွန်ုပ်တို့ဟာ မိမိတို့ရဲ့ ပြိုင်ဘက်တွေကြောင့် ထိခိုက်ဒဏ်ရာရနိုင်တယ်လို့ မျှော်လင့်တတ်ကြပေမယ့် မိမိတို့ရဲ့ မိတ်ဆွေတွေကြောင့် ထိခိုက်ဒဏ်ရာရနိုင်တယ်လို့တော့ မမျှော်လင့်မိတတ်ကြဘူး။ တကယ်တော့ သစ္စာဖောက်တဲ့ မိတ်ဆွေဟာ အငြှိုးကြီးတဲ့ရန်သူထက်ပင် ပိုကာ မိမိတို့ကို နာကျင်မှု ၀မ်းနည်းပူဆွေးရမှု ဖြစ်စေတယ်။
ဒီစာစုတွေကို အမှတ်တရ တင်ပြပေးလိုက်ရတာပဲဖြစ်ပါတယ်။ မီဒီယာ သတင်းသမားအနေမျိုးနဲ့ ပြန်လည် ဖောက်သည်ချ တင်ပြလိုက်ရတာမျိုးပဲဖြစ်ပါတယ်။ အလေးအပင်ကြီး မဖြစ်ဖို့ ရသဖက် အလေးကဲဖို့လည်း ကြိုးစားထားပါတယ်။
အဓိကက ရခိုင်နဲ့ မြွေပွေတွေ့ရင် ရခိုင်ကို အရင်သတ်ရမယ်ဆိုတဲ့ စကားရှိတယ်။
ဒါဟာ တစ်နည်းအားဖြင့် ရခိုင်ဟာ မြွေပွေးထက် ဆိုးတယ်ဆိုတဲ့ မြှောက်သလိုလိုနဲ့ သွေးခွဲစကားပါပဲ။
တကယ်က ရခိုင်မှာ မြွေပွေးမရှိပါ။ ပြည်မက လူတွေက မြွေပွေးအကြောင်းသိတော့ ဒီမြွေပွေးထက် ဆိုးတာလို့ ပြောချင်တာပဲ။
တခြား ငှက်ပျောပင်တို့ ၊ ငှက်ပျောစေးတို့ ဘာညာဆိုတာတွေဟာ ပြေရာပြေကြောင်း ချွေးသိပ်စကားတွေပါ။
ပြီးတော့ `ကုလားမနိုင် ရခိုင်မဲ´ ဆိုတာရှိပါတယ်။ ဒါမဟုတ်ပါ။ `ကုလားမနိုင် ရခိုင်မေး´ပဲရှိပါတယ်။
ဘယ်သူ့ကိုမှ နှိမ်ဖို့ နှိမ့်ချဖို့ ရေးလိုတာ မဟုတ်ပါဘူး။ မူလအဓိပ္ပာယ်မှန်ကို သိစေဖို့ ရေးပြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာ တစ်ဘက်သားတွေရဲ့ လှည့်ဖြားပြောဆို ညာဝါးမှုတွေအပေါ်မှာ မကောင်းမတွေးဖို့ နားမယောင်ကြဖို့ပါ။ မေ၀၀ါးကြဖို့သာ ဖြစ်ပါတယ်။

ဆက်လက်ရေးသား တင်ပြပေးပါမည်။

ထွဏ်းအောင်ကျော် ၏ `ကုလားမနိုင် ရခိုင်မေး´ စာအုပ်မှ