Sunday, June 28, 2015

ကုလားမနိုင် ရခိုင်မေး




          မိဘတွေဆီက မေတ္တာတရား ရယ်မောပျော်ရွှင်မှုကို သင်ယူတယ်။ ခြေလှမ်း လှမ်းပုံသင်ယူတယ်။ ဒါပေမယ့် စာအုပ်တွေ လှန်ပြီးဖတ်ရှုတဲ့အခါ မိမိရဲ့ အတောင်ပံတွေရှိတယ်ဆိုတာ တွေ့ရတယ်။
ဟယ်ဟန် ဟေး (အမေရိကန် ရုပ်ရှင်မင်းသမီးကြီး)
ကျင့်ထုံး
အမှန်ရှာသော် ပညာနဲ့ရွေး
ချိန်ခွင်ညှာ
လျှာမစောင်းအောင်
စိတ်ကောင်းကိုမွေး
(ဦးကျော်ဇေယျ)
ဒီနေ့ဟာ ယမန်နေ့မဟုတ်။ မိမိတို့ကိုယ်တိုင်က ပြောင်းလဲနေတယ်။ မိမိတို့ရဲ့အလုပ် ၊ မိမိတို့ရဲ့ အတွေးတွေကို အခြေအနေနဲ့ အံဝင်ခွင်ကျဖြစ်ကာ အကောင်းဆုံး ဒီလိုအမြဲဖြစ်စေဖို့ဆိုရင် အဲဒီအလုပ် (အဲဒီအတွေးဟာ) အမြဲ တစ်သမတ်တည်း ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ တကယ်တော့ အပြောင်းအလဲဆိုရင် ထိခိုက်ရ ၊ နာကျင်ရတာချည်းပဲ ဖြစ်မယ်။ ဒါပေမယ့်လည်း အပြောင်းအလဲဆိုတာ မိမိတို့ရဲ့ လိုအပ်ချက်လည်းဖြစ်ပါတယ်။ အမှတ်ရတာတော့ အင်အားနဲ့ တန်ဖိုးရှိတယ်ဆိုခဲ့ရင် မျှော်လင့်ချက်မှာလည်း အင်အားတန်ဖိုးရှိပါတယ်။
(ကာလိုင်း)
Flash Friends are worse than better enemies.
အတုအယောင်မိတ်ဆွေသည် ငြှိုးသူရန်ဘက်ထက်ပင် ပိုမိုဆိုးရွားသည်။
We may expect to be injured by our bitter enemies, but not our friends. A teacher our friend causes us more pain and sorrow than a bitter enemy.
ကျွန်ုပ်တို့ဟာ မိမိတို့ရဲ့ ပြိုင်ဘက်တွေကြောင့် ထိခိုက်ဒဏ်ရာရနိုင်တယ်လို့ မျှော်လင့်တတ်ကြပေမယ့် မိမိတို့ရဲ့ မိတ်ဆွေတွေကြောင့် ထိခိုက်ဒဏ်ရာရနိုင်တယ်လို့တော့ မမျှော်လင့်မိတတ်ကြဘူး။ တကယ်တော့ သစ္စာဖောက်တဲ့ မိတ်ဆွေဟာ အငြှိုးကြီးတဲ့ရန်သူထက်ပင် ပိုကာ မိမိတို့ကို နာကျင်မှု ၀မ်းနည်းပူဆွေးရမှု ဖြစ်စေတယ်။
ဒီစာစုတွေကို အမှတ်တရ တင်ပြပေးလိုက်ရတာပဲဖြစ်ပါတယ်။ မီဒီယာ သတင်းသမားအနေမျိုးနဲ့ ပြန်လည် ဖောက်သည်ချ တင်ပြလိုက်ရတာမျိုးပဲဖြစ်ပါတယ်။ အလေးအပင်ကြီး မဖြစ်ဖို့ ရသဖက် အလေးကဲဖို့လည်း ကြိုးစားထားပါတယ်။
အဓိကက ရခိုင်နဲ့ မြွေပွေတွေ့ရင် ရခိုင်ကို အရင်သတ်ရမယ်ဆိုတဲ့ စကားရှိတယ်။
ဒါဟာ တစ်နည်းအားဖြင့် ရခိုင်ဟာ မြွေပွေးထက် ဆိုးတယ်ဆိုတဲ့ မြှောက်သလိုလိုနဲ့ သွေးခွဲစကားပါပဲ။
တကယ်က ရခိုင်မှာ မြွေပွေးမရှိပါ။ ပြည်မက လူတွေက မြွေပွေးအကြောင်းသိတော့ ဒီမြွေပွေးထက် ဆိုးတာလို့ ပြောချင်တာပဲ။
တခြား ငှက်ပျောပင်တို့ ၊ ငှက်ပျောစေးတို့ ဘာညာဆိုတာတွေဟာ ပြေရာပြေကြောင်း ချွေးသိပ်စကားတွေပါ။
ပြီးတော့ `ကုလားမနိုင် ရခိုင်မဲ´ ဆိုတာရှိပါတယ်။ ဒါမဟုတ်ပါ။ `ကုလားမနိုင် ရခိုင်မေး´ပဲရှိပါတယ်။
ဘယ်သူ့ကိုမှ နှိမ်ဖို့ နှိမ့်ချဖို့ ရေးလိုတာ မဟုတ်ပါဘူး။ မူလအဓိပ္ပာယ်မှန်ကို သိစေဖို့ ရေးပြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာ တစ်ဘက်သားတွေရဲ့ လှည့်ဖြားပြောဆို ညာဝါးမှုတွေအပေါ်မှာ မကောင်းမတွေးဖို့ နားမယောင်ကြဖို့ပါ။ မေ၀၀ါးကြဖို့သာ ဖြစ်ပါတယ်။

ဆက်လက်ရေးသား တင်ပြပေးပါမည်။

ထွဏ်းအောင်ကျော် ၏ `ကုလားမနိုင် ရခိုင်မေး´ စာအုပ်မှ

No comments:

Post a Comment